ဒေါ်အောင်ဆန်းစုကြည် နယူးယောက်မြို့ကို ရောက်

အမေရိကန်နိုင်ငံမှာ ရောက်နေတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နယူးယောက်မြို့ကို ရောက်ရှိလာပါပြီ။
ဒီကနေ့ စက်တင်ဘာလ ၁၇ရက်နေ့မှာ နယူးယောက်မြို့က မြန်မာ သံရုံးမှာ မြန်မာ မိသားစုတွေနဲ့ တွေ့ဆုံမှာပါ။
ညနေပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ Harvard တက္ကသိုလ် Harvard ဖောင်ဒေးရှင်းက ချီးမြှင့်မယ့် ၂၀၁၆ခုနှစ်အတွက် Harvard Humanitarian of the Year ဆုကိုလည်း လက်ခံယူဖို့ ရှိပါတယ်။
စက်တင်ဘာလ ၁၆ရက် မနေ့တုန်းကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတ ကတော်ဟောင်း Laura Bush နဲ့ နံနက်စာ စားရင်း တွေ့ဆုံခဲ့ပါတယ်။
ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဆုတ်မနစ် ကြိုးပမ်း ဆောင်ရွက်မှုတွေဟာ မြန်မာပြည်သူတွေ အတွက် အားတက်စရာ ဖြစ်သလို ကမ္ဘာ့နိုင်ငံတွေအတွက် စံနမူနာ တခု ဖြစ်တယ်လို့ Laura Bush က သူ့ရဲ့ Facebook စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။

Comments